ရောင်းချသူတစ်ယောက်ဖြစ်လာဖို့ (Become Seller)

ရောင်းချနိုင်ရန်လျှောက်ထားပါ

ဇော်ဂျီမတ် ဝဘ်ဆိုဒ်ပေါ်တွင် တစ်ပိုင်တစ်နိုင် ကုန်ပစ္စည်းရောင်းချသူတစ်ယောက် အဖြစ် စီးပွားရေး လုပ်ကိုင် ဆောင်ရွက်လိုပါက အသုံးပြုသူတစ်ယောက်အနေဖြင့် အကောင့်ပြုလုပ်ထား(မှတ်ပုံတင်)ရပါမည်။ မည်ကဲ့သို့ မှတ်ပုံတင်ရမည်ကို “ဘယ်လိုမှတ်ပုံတင်ရမလဲ" စာမျက်နှာတွင်လေ့လာနိုင်ပါသည်။

မှတ်ပုံတင်ပြီးနောက် “My Account" တွင်းသို့ဝင်ရောက်၍ ဘယ်ဖက်အခြမ်း ရှိ လမ်းညွှန်ချက်များ ၏ အောက်နားတွင် “Apply As Seller" ကိုနှိပ်၍ သာမာန်ရောင်းချသူ အဖြစ်လျှောက်ထားနိုင်ပါသည်။


ဆိုင်ခန်းအမည်ပေး၍ဖွင့်ပါ

တစ်ပိုင်တစ်နိုင်စီးပွားရေးမျိုးမဟုတ်ပဲ လုပ်ငန်းလိုင်စင်နှင်တကွ ဆိုင်ခန်း၊ရံးခန်း ရှိသူများသည် လုပ်ငန်းအမည်၊ ဆိုင်အမည်များဖြင့် ဇော်ဂျီမတ်တွင် အမည်ပေးဖွင့်လှစ်နိုင်ပါသည်။

ထိုသို့ဖွင့်လှစ်နိင်ရန်အတွက် မှတ်ပုံတင်ပြီးနောက် “My Account" တွင်းသို့ဝင်ရောက်၍ ဘယ်ဖက်အခြမ်း ရှိ လမ်းညွှန်ချက်များ ၏ အောက်နားတွင် “Apply Supplier" ကိုနှိပ်၍ ဆိုင်ခန်းဖြင့် ရောင်းချသူ အဖြစ်လျှောက်ထားနိုင်ပါသည်။


ရောင်းချ၍ရသောငွေကြေး

ဇော်ဂျီမတ်တွင် ကုန်ပစ္စည်းများရောင်းချရမှာ ရရှိထားသောငွေကြေး များထုတ်ယူနိုင်ရန်အတွက် ငွေလွှဲစနစ်များစွာ ရှိသည့်အနက် ရောင်းချသူများကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်၍ လျှောက်ထားနိုင်ပါသည်။ ထိုကဲ့သို့ ငွေထုတ်ယူရန် လျှောက်ထားသော နည်းစနစ်များအလိုက် ငွေကြေးထုတ်ယူရရှိနိုင်မည့် ကာလ အပိုင်းအခြားသည်လည်း အနည်းငယ်ကွာခြားနိုင်ပါသည်။

အောက်ဖော်ပြပါ ငွေလွှဲစနစ်များမှ ရောင်းချ၍ရရှိသော ငွေကြေးများကို ထုတ်ယူနိုင်ပါသည်။

  • (၁) ၆၆၃ (မိုဘိုင်းမန်းနီ) မိုးဘိုင်းငွေချေစနစ်
  • (၂) အမ်ပီယူ (အေတီအမ်ကဒ်) ငွေပေးချေစနစ်
  • (၃) မြန်ပေး (အွန်လိုင်းပိုက်ဆံအိတ်) ငွေပေးချေစနစ်
  • (၄) ပေးလ်ပယ်လ် (အွန်လိုင်းပိုက်ဆံအိတ်) ငွေပေးချေစနစ်
  • (၅) စီဘီဘဏ် (မိုဘိုင်းဘဏ်) ငွေပေးချေစနစ် အစရှိသော ငွေပေးငွေယူ စနစ်များ ကို အသုံးပြု၍ ကုန်ပစ္စည်း ရောင်းချရာမှ ရရှိသော ငွေကြေးများကိုထုတ်ယူနိုင်ပါသည်။