ဝန်ဆောင်မူများ

ရောင်းသူ - ဝယ်သူများအတွက် ဇော်ဂျီမတ်မှဝန်ဆောင်မှုများ

ဇော်ဂျီမတ် ၏ဝန်ဆောင်မှုများကို အသုံးပြုလျှက်ရှိသော ကာစတမ်မားများအတွက် နည်းပညာကဏ္ဍ၊ ငွေပေးငွေယူကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ အစရှိသော လုပ်ငန်း ဆောင်ရွက်မှုများ၏ သတင်း အချက်အလက်များကို ထုတ်ပြန်ကြေငြာခြင်း လက္ခံဖြေရှင်းပေးခြင်းများကို နေစဉ်ဆောင်ရွက်ပေးလျှက်ရှိပါသည်။

ကုန်ပစ္စည်းအမှာစာကို ပယ်ဖျက်ခြင်း၊ လဲလှယ်ခြင်း

အကယ်၍ ဝယ်သူ၏ အမှာစာအတိုင်း လုပ်ငန်း ဆောင် ရွက်မှု့မရှိသေးခင်အချိန်တွင် ဝယ်ယူသူ မှ ကုန်ပစ္စည်း အမှာစာကို ပြန်လည်ရုတ်သိမ်းနိုင်ပါသည်။သို့သော်ဝယ်သူ၏ အမှာစာအတိုင်း ပို့ ဆောင်မူလုပ်ငန်း စတင်ဆောင်ရွက် နေပြီးဖြစ်ပါက မှာယူသည့် ကုန်ပစ္စည်း အား ပြင်ဆင်ပြောင်းလဲ၍မရနိုင်ပါ။ သို့သော် ၎င်း ကုန်ပစ္စည်း သည် ဝယ်ယူသူထံသို့ ရောက်ရှိသည့် အချိန်၌ ကုန်ပစ္စည်းလက်ခံ ရန် ငြင်းဆန်နိုင် ပြီး သယ်ယူမှု့ ကုန်ကျစရိတ် အား ပေးချေရပါမည်။ အောက်ပါစည်းကမ်း အချက်အလက်များနှင့်ကိုက်ညီပါက ကုန်ပစ္စည်းအမှာစာကို ပယ်ဖျက်နိုင်ပါသည်။

ပျက်စီးနေသော ကုန်ပစ္စည်း များ

မှားယွင်းပို့ဆောင်သောကုန်ပစ္စည်းများ

ပြည်စုံခြင်းမရှိသော ကုန်ပစ္စည်းများ

အသုံးပြု၍အဆင်မပြေသော ကုန်ပစ္စည်းများ

ပျက်စီးနေသော ကုန်ပစ္စည်း ဆိုသည်မှာ ~

ကုန်ပစ္စည်း သည် ဝယ်ယူသူ၏ ထံသို့ရောက်ရှိချိန်၌ မှာကြားထားသော ကုန်ပစ္စည်း အမျိုးအစား မှန်ကန်မူ့မရှိ၍ သော်၎င်း ပျက်ဆီးထိခိုက်နေ လျှင်သော်၎င်း ကုန်ပစ္စည်း အမှာစာကို ပြန်လည် ရုတ်သိမ်းငြင်းဆို နိုင်ပါသည်။

အကယ်၍ ၎င်းပျက်စီးနေသော ကုန်ပစ္စည်းအတွက် ကျသင့်ငွေကြိုတင်ပေးချေပြီးဖြစ်ပါက ၎င်းပိုက်ဆံအား ပြန်လည်တောင်းယူနိုင်ပါမည်။

မှားယွင်းပို့ဆောင်သောကုန်ပစ္စည်း ဆိုသည်မှာ ~

အကယ်၍ ဝယ်ယူသူမှ မှာယူထားသော ကုန်ပစ္စည်းနှင့် လက်ခံရရှိသော ကုန်ပစ္စည်းမှာ လွဲမှားကွဲလွဲ မူရှိခဲ့ပါက ၎င်းပေးချေထားသော တန်ဖိုးငွေကြေးအား ပြန်လည်တောင်းယူနိုင်ပါသည်။

ပြည်စုံခြင်းမရှိသော ကုန်ပစ္စည်း ဆိုသည်မှာ ~

အကယ်၍ မှာယူထားသော ကုန်ပစ္စည်းမှ ပျောက်ဆုံးနေသော အစိတ်အပိုင်းသော်၎င်း မှာယူထား သောကုန်ပစ္စည်း အားလုံး ပြည်စုံမူ မရှိလျှင်သော်၎င်း Contact Us မှတဆင့်ကြည့်ရှု့ ပြန်လည် ဆက်သွယ်နိုင်ပါသည်။ အခြားသောနည်းမှာ - 011220731 သို့တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။

ထိုကုန်ပစ္စည်းအား ထပ်မံပို့ဆောင်ပေးမူ့အတွက် မည်သည့် အပိုကြေးငွေမျှ ထပ်မံပေးဆောင်ရန် မလို အပ်ပါ။

အသုံးပြု၍အဆင်မပြေသော ကုန်ပစ္စည်း ဆိုသည်မှာ ~

အကယ်၍ ဝယ်ယူသူမှ လက်ခံရရှိသော ကုန်ပစ္စည်းမှာ သတ်မှတ်ထားသည့် အာမခံ ကာလအတွင်း ပျက်ဆီးချို့ယွင်းမူရှိပါက Customer service သို့၎င်း ၀ယ်ယူထားသည့် ကုန်အမှတ်တံစိတ် အားတင်သွင်းသူထံသို့ တိုက်ရိုက် ဆက်သွယ် နိုင်ပါသည်။

အကောင်းဆုံး နည်းလမ်းမှာ ကုန်ပစ္စည်းထုတ်လုပ်တင် သွင်းသူသို့တိုက်ရိုက်ဆက် သွယ် ခြင်းသည် လူကြီးမင်းတို့အတွက် အချိန်ကုန်သက်သာ၍ ပိုမိုလွယ်ကူစေမည်ဖြစ်ပါသည်။ ၎င်း ကုန်ပစ္စည်း အတွင်း၌ ထုတ်လုပ်တင်သွင်းသူ၏ အချက်အလက် နှင့် အာမခံကဒ် တို့ပါရှိသည့် အတိုင် ဆက်သွယ် မေးမြန်း နိုင်ပါသည်။ အကယ်၍ ထုတ်လုပ် တင်သွင်းသူအား ဆက်သွယ်ရန်လိပ်စာအား မသိရှိပါက ကုန်ပစ္စည်းဝယ် ယူသည့်စာမျက်နှာ တွင် ၎င်း ကုန်ပစ္စည်းအတွက် အသေးစိတ် အချက်အလက်အားပြန်လည် ကြည့်ရှု့နိုင်ပါသည်။

အမှာစာ များအားပြန်လည်ကြည့်ရှူ့စစ်ဆေးခြင်း

လူကြီး မင်းတို့ မှာယူလိုသော ကုန်ပစ္စည်းအား မှာယူခြင်း မပြုလုပ်မီ သေချာစွာ ပြန်လည်ကြည့်ရှူ ရန်လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် လူကြီးမင်း အသုံး ပြုနေသော ကွန်ပြူတာ ဖန်သားပြင် ၏ အရောင် စနစ် မတူညီနိုင်သောကြောင့် အရောင်ကွဲပြားခြားနားခြင်းများ ဖြစ်နိုင်သကဲ့သို့ မှားယွင်းစွာ မှာကြားခြင်းများ ဖြစ်နိုင်သော ကြောင့်ဖြစ်ပါသည်။

ကိုယ်ရေးအချက်အလက်များ ပြင်ဆင်ဖြည့်စွက်ခြင်း

အကြောင်းအမျိုးမျိုး ကြောင့် နေရပ်လိပ်စာနှင့် ဖုန်းနံပါတ်များ ပြောင်းလဲခြင်း ရှိပါက မှတ်ပုံတင်ရာတွင် အသုံးပြုခဲ့သော အမည် နှင့် လျှို့ဝှက် ကုဒ် နံပါတ်များ ဖြင့် မိမိတို့အကောင့် အား ပြန်လည်ဝင်ရောက် ၍ ပြင်ဆင် ရေးသားရန်လိုအပ်ပါသည်။