လျှို့ဝှက်ခြင်းနှင့်လုံခြုံမှုစနစ် (Privacy & Security)

ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ ထိန်းသိမ်းကာကွယ်ပေးခြင်း

ZawGyi Mart ကို အသုံးပြုရန် Policyကိုချမှတ်ထားမည်ဖြစ်ပြီးသင် အသုံးပြူသောအခါ သင်ပေးသောသတင်းအချက်အလက်များ ကို ZawGyi Martမှ လုံခြုံစွာကာကွယ်ပေးမည်ဖြစ်သည်။ လူကြီးမင်းတို၏ Privacy များကိုအပြည့် အဝကာကွယ်ပေးမည် ဖြစ်ကြောင် ZawGyi Martမှ အာမခံပါသည်။ ကျွန်ုပ်တို့အနေဖြင့်လူကြီးမင်းတို့ ၏ FeedBackများကိုလည်းစောင့် မျှော်နေပါသည်။ ထိုမှသာလျှင် လူကြီးမင်းတို့ဘက်မှလည်း ဤ Website သည် Privacy Statement များအတိုင်းပြူလုပ်သည် ဖြစ်ကြောင်းပိုမိုနားလည်မူနှင့် အတူယုံကြည်စိတ်ချမူများ ရနိုင်မှာဖြစ်ပါသည်။

ကျွန်ုပ်တို့ ဇော်ဂျီမတ်သည် ဤ သီးသန့်တည်ရှိမှု မူဝါဒနှင့်အညီ www.zawgyimart.com လိပ်စာရှိဝဘ်ဆိုက်ကို အသုံးပြုသူများထံမှ သတင်းအချက်အလက်များ စုဆောင်းခြင်း၊ အသုံးပြုခြင်း၊ ထိန်းသိမ်းခြင်းနှင့် ထုတ်ဖော်ခြင်းတို့ကို ပြုလုပ်သွားမည် ဖြစ်သည်။ ဤမူဝါဒသည် ကျွန်ုပ်တို့ ဇော်ဂျီမတ်၏ ဝန်ဆောင်မှုများနှင့် ထုတ်ကုန်များအားလုံးတွင် သက်ရောက်မှု ရှိပါသည်။

တစ်ဦးပုဂ္ဂလ အချက်အလက်များဆိုင်ရာ

ကျွန်ုပ်တို့သည် အသုံးပြုသူများထံမှ တစ်ဦးပုဂ္ဂလ ဆိုင်ရာ အချက်အလက်များ နည်းလမ်းပေါင်းစုံဖြင့် စုဆောင်းရယူသွားမည် ဖြစ်ရာ ကန့်သတ်ထားခြင်း မဟုတ်သော်လည်း ဖော်ပြပါနည်းလမ်းများလည်း အပါအဝင်ဖြစ်သည်။ အသုံးပြုသူအနေဖြင့် ကျွန်ုပ်တို့၏ဆိုက်သို့ လာရောက်လည်ပတ်သည့်အခါ၊ ကျွန်ုပ်တို့၏ ဝဘ်ဆိုက်တွင် မှတ်ပုံတင် ပြုလုပ်သည့်အခါ၊ ကုန်မှာယူသည့်အခါ၊ သတင်းလွှာ ရယူသည့်အခါ၊ ပုံစံများ ဖြည့်စွက်သည့်အခါ၊ ကျွန်ုပ်တို့၏ဆိုက်တွင် ရရှိနိုင်သည့် အခြား လုပ်ဆောင်ချက်၊ ဝန်ဆောင်မှု၊ စွမ်းရည်၊ ရင်းမြစ်များမှတဆင့် အသုံးပြုသူများအနေဖြင့် လိုအပ်မှု ရှိပါက အမည်၊ အီးမေးလ်လိပ်စာ၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ ငွေပေးချေကတ်ဆိုင်ရာ အချက်အလက်များ၊ မှတ်ပုံတင်နံပါတ် စသည့်တို့ကို မေးမြန်း၍ အတည်ပြုမည် ဖြစ်ပါသည်။

သို့သော်လည်း မည်သူမဆို အထက်ပါအချက်အလက်များ ကိုမဖြည့်သွင်းထားသော်လည်း ကျွန်ုပ်တို့၏ ဝဘ်ဆိုက်သို့ လာရောက် ကြည့်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် အသုံးပြုများထံမှ ၎င်းတို့၏ သဘောဆန္ဒအလျောက် လိုလားစွာ ဖြည့်စွက်ပေးလာသော အချက်အလက်များကိုသာ ရယူစုဆောင်းသွားမည် ဖြစ်ပါသည်။အသုံးပြုသူများ အနေဖြင့် အချက်အလက်များ ဖြည့်သွင်းရန် ငြင်းပယ်နိုင်သကဲ့သို့ ယင်းသို့ပြုလုပ်ခြင်းဖြင့် ကျွန်ုပ်တို့ဝဘ်ဆိုဒ်၏ သက်ဆိုင်ရာ လုပ်ဆောင်ချက်ကို ရရှိနိုင်မည် မဟုတ်ပါ။

ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့၏ ဝဘ်ဆိုက်ကို လာရောက်အသုံးပြုသူများထံမှ ပုဂ္ဂိုလ်ရေးဆိုင်ရာမဟုတ်သည့် အချက်အလက်များကိုလည်း ရယူစုဆောင်သွားမည် ဖြစ်ပါသည်။ အဆိုပါ ပုဂ္ဂိုလ်ရေးဆိုင်ရာမဟုတ်သည့် အချက်အလက်များတွင် လည်ပါတ်လာသူ အသုံးပြုသည့် Browser အမည်၊ ကွန်ပြူတာအမျိုးအစား၊ အသုံးပြုသူမှ မိမိတို့၏ဆိုက်သို့ ဝင်ရောက်ရာတွင် အသုံးပြုသည့် ကွန်ပြူတာစက်လည်ပတ်မှုစနစ်၊ အင်တာနက်ထောက်ပံ့ပေးသူ စသည့် နည်းပညာဆိုင်ရာ အချက်အလက်များများ ပါဝင်မည် ဖြစ်ပါသည်။

မိမိတို့ဆိုက်တွင် အသုံးပြုသူများ ပိုမိုလွယ်ကူအဆင်ပြေစေရန်အတွက် Cookies အသုံးပြုပါသည်။ အသုံးပြုသူများ၏ အင်တာနက်ကြည့် ဆော့ဖ်ဝဲလ်များက ၎င်းတို့ကွန်ပြူတာအတွင်း ကွတ်ကီးများ ထည့်သွင်း၍ မှတ်တမ်းယူသည့်သဘော၊ တစ်ခါတစ်ရံတွင် အချက်အလက်များ လေ့လာသုံးသပ့်သည့် သဘော အသုံးပြုခြင်း ဖြစ်ပါသည်။ အသုံးပြုသူများအနေဖြင့် ၎င်းတို့၏ ဝဘ်ဘရောက်ဆာတွင် ကွတ်ကီးထားမည် မထားမည်ကို ရွေးချယ်နိုင်သကဲ့သို့ ကွတ်ကီးပို့လွှတ်မည့် အချိန်တွင်လည်း အချက်ပေးခိုင်းထားနိုင်ပါသည်။ အကယ်သို့ ထိုသို့ပြုလုပ်ထားပါလျှင် မိမိတို့ဝဘ်ဆိုက်၏ အချို့သော လုပ်ဆောင်ချက်များကို ပုံမှန်အတိုင်း ရရှိနိုင်မည် မဟုတ်ပါ။ (ဥပမာ။ ။ ဝယ်ယူရန် စိတ်ကူး၍ ရွေးချယ်မှတ်သားထားခြင်း)

စုဆောင်းထားသော သတင်းအချက်အလက်များကို မိမိတို့ အသုံးပြုပုံ

ဇော်ဂျီမတ်အနေဖြင့် မိမိတို့ စုဆောင်းရရှိထားသော ကိုယ်ရေးကိုယ်တာအချက်အလက်များကို အောက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် သုံးစွဲသွားမည် ဖြစ်ပါသည်။

- ဝန်ဆောင်မှု မြှင့်တင်ရန်

လူကြီးမင်းတို့ ထောက်ပံ့ပေးသော အချက်အလက်များသည် သင်တို့လိုအပ်သော ဝန်ဆောင်မှုနှင့် ကူညီမှုများ ပံ့ပိုးပေးရာတွင် ပိုမိုထိရောက်စေမည် ဖြစ်ပါသည်။

- ပိုမိုသဘာဝကျသော သုံးစွဲသူအတွေ့အကြုံများကို ထောက်ပံ့ပေးရန်

မိမိတို့အနေဖြင့် ရရှိထားသော အချက်အလက်များကို အသုံးပြု၍ အသုံးပြုသူများအနေဖြင့် မိမိတို့ ဝဘ်ဆိုက်၏ ဝန်ဆောင်မှုနှင့် ရင်းမြစ်များကို မည်သို့ရယူသုံးစွဲနေသည်ကို ပိုမိုသိရှိနားလည်လာစေနိုင်မည် ဖြစ်ပါသည်

- မိမိတို့၏ဆိုက်ကို အဆင့်မြှင့်တင်ရန်

မိမိတို့အနေဖြင့် လာရောက်လည်ပါတ်ကြသော မိတ်ဆွေများမှ ပေးအပ်လာသည့် တုံ့ပြန်မှုများကို အခြေခံ၍ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုနှင့် ထုတ်ကုန်များကို အဆင့်မြှင့်တင်နိုင်ရန် အသုံးပြုနိုင်မည် ဖြစ်ပါသည်။

- ငွေပေးချေမှုများ ဆောင်ရွက်နိုင်ရန်

ကျွန်ုပ်တို့အနေဖြင့် အသုံးပြုသူမှ ကုန်ပစ္စည်းမှာယူသည့်အခါ ကိုယ်တိုင်ဖြည့်သွင်းပေးခဲ့သည့် အချက်အလက်များကို ထိုကုန်ပစ္စည်းမှာယူမှုအတွက် ဝန်ဆောင်မှုပေးရန် အသုံးပြုမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ထိုအချက်အလက်များကို လိုအပ်သည့်ဝန်ဆောင်မှုကို ထောက်ပံ့ပေးသူများမှတစ်ပါး အခြားမည့်သည့် အပြင်ကိုမှ မျှဝေခြင်း ပြုမည် မဟုတ်ပါ။

- အရောင်းမြှင့်တင်ရေး၊ ပြိုင်ပွဲများ၊ စစ်တမ်းကောက်ယူခြင်းနှင့် အခြားဆိုက်၏ လုပ်ဆောင်ချက်များတွင် အသုံးပြုရန်

သဘောတူညီမှုယူထားသည့် အသုံးပြုသူများထံ ၎င်းတို့စိတ်ဝင်စားနိုင်ဖွယ်ရှိသည့် အကြောင်းအရာများ ပေးပို့ရာတွင်သာ အသုံးပြုပါမည်။

- အီးမေးလ်များ ပို့လွှတ်ရာတွင် အသုံးပြုရန်

ကျွန်ုပ်တို့အနေဖြင့် သက်ဆိုင်ရာ ကုန်ပစ္စည်းအမှာစာအတွက် အီးမေးလ်များ ပို့လွှတ်ရာတွင် အသုံးပြုမည် ဖြစ်ပါသည်။ အသုံးပြုသူများ၏ စုံစမ်းမေးမြန်းမှုများ၊ တောင်းဆိုမှုများကို ပြန်ဖြေကြားရာ၌လည်း အသုံးပြုမည် ဖြစ်ပါသည်။ အကယ်၍ အသုံပြုသူ၏ ကျွန်ုပ်တို့၏ အီးမေးလ်သတင်းလွှာကို သဘောတူရယူထားသူဖြစ်ပါက ကုမ္ပဏီသတင်း၊ လုပ်ဆောင်မှုအသစ်များ၊ ထုတ်ကုန်အသစ်များနှင့် အခြား ဝန်ဆောင်မှုဆိုင်ရာ သတင်းအချက်အလက်များ ပါဝင်သည့် အီးမေးလ်များကို လက်ခံရရှိနေမည် ဖြစ်ပါသည်။ အကယ်၍ အသုံးပြုသူတစ်ဦးက ထိုသို့သော အီးမေးလ်များကို နောက်နောင် လက်ခံရယူလိုခြင်း မရှိပါက အီးမေးလ်မှာယူထားခြင်းမှ ပယ်ဖျက်ရန် နည်းလမ်းကို ပေးပို့သည့် အီးမေးလ်အသီးသီး၏ အောက်ခြေတွင် ဖော်ပြပေးထားပြီး ဖြစ်ပါသည်။

ကျွန်ုပ်တို့အနေဖြင့် သင့်၏ အချက်အလက်များကို မည်သို့ ကာကွယ်ထားသနည်း

ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့ဆိုက်တွင် သင်အသုံးပြုထားသော ပုဂ္ဂလအချက်အလက်များ၊ အမည်၊ လုံခြုံရေးစကားဝှက်၊ ငွေပေးချေမှုနှင့် သက်ဆိုင်သည့် သတင်းအချက်လက်များကို တစ်ဦးတစ်ယောက်က မလျော်အသုံးပြုခြင်း၊ ပြုပြင်ပြောင်းလဲခြင်း၊ ဖော်ထုတ်ဖွင့်ချခြင်း ဖျက်ဆီးခြင်းများမှ ကာကွယ်ရန် သင့်လျော်သော အချက်အလက်စုဆောင်းခြင်း၊ သိမ်းဆည်းခြင်း၊ တွက်ချက်ခြင်းနှင့် လုံခြုံစေခြင်း နည်းလမ်းများကို အသုံးပြုထားပါသည်။

အသုံးပြုသူများနှင့် ဇော်ဂျီမတ်ဝဘ်ဆိုက်အကြား လျှို့ဝှက်၍ အတိမ်းအစောင်းမခံသော အချက်အလက်များ လွှဲပြောင်းပေးပို့ရာတွင် ဒစ်ဂျစ်တယ်လက်မှတ်များဖြင့် ဝှက်စာပြုကာကွယ်ထားသော SSL လမ်းကြောင်းမှတဆင့်သာ အပို့အယူ ပြုလုပ်ပါသည်။

ကိုယ်ရေးအချက်အလက်များ မျှဝေခြင်း

ကျွန်ုပ်တို့အနေဖြင့် အသုံးပြုသူများ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ရောင်းဝယ်ဖောက်ကားခြင်း၊ ငှားရမ်းသုံးစွဲစေခြင်း မပြုလုပ်ပါ။ ကိုယ်ရေးအချက်အလက်များနှင့် တိုက်ရိုက်သက်ဆိုင်ခြင်း မရှိသည့် ယေဘုယျ လူဦးရေးစုဖွဲ့မှုအချို့ကို ကျွန်ုပ်တို့၏ စီးပွားဖက်များ၊ ယုံကြည်စိတ်ချရသည့် လုပ်ဖော်ကိုင်ဖက်များနှင့် ကြော်ငြာရှင်များကို ဝေမျှမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် အီးမေးလ်သတင်းလွှာပေးပို့ခြင်းနှင့် စစ်တမ်းကောက်ယူခြင်းကဲ့သို့ လုပ်ငန်းများတွင် မိမိ၏စီးပွားရေးလုပ်ငန်းများနှင့် ဝဘ်ဆိုက်ကို လည်ပတ်ရန်အတွက် အခြားတတိယအင်အားစု ဝန်ဆောင်မှု ထောက်ပံ့ပေးသူများကို အသုံးပြုမည် ဖြစ်ပါသည်။ ထိုအခါများတွင် အသုံးပြုသူမှ မိမိတို့အား ပေးအပ်ထားသည့် ခွင့်ပြုချက်များအတိုင်း အသုံးပြုသူများ၏ အချက်အလက်များကို ကန့်သတ်ထားသည့် အနေအထားဖြင့် မျှဝေသုံးစွဲသွားမည် ဖြစ်ပါသည်။

မူဝါဒါအပြောင်းအလဲနှင့် ပတ်သက်၍

ဇော်ဂျီမတ်အနေဖြင့် ဤမူဝါဒကို လိုအပ်လျှင် လိုအပ်သလို အချိန်မရွေး ပြင်ဆင်ဖြည့်စွက်ခွင့် ရှိပါသည်။ ထိုသို့ပြုလုပ်သောအခါတိုင်း ထိုရက်စွဲကို ဤစာမျက်နှာ၏ အောက်ခြေတွင် ဖော်ပြပေးသွားမည် ဖြစ်ပြီး သုံးစွဲသူများထံသို့လည်း အီးမေးလ်ပေးပို့သွားမည် ဖြစ်ပါသည်။ အသုံးပြုသူအနေဖြင့် ဤစာမျက်နှာအား အခါအားလျော်စွာ ဝင်ရောက်ကြည့်ရှု၍ ကျွန်ုပ်ကောက်ယူထားသော အချက်အလက်များကို မည်သို့ကာကွယ်ထိန်းသိမ်းထားကြောင်း သိရှိနိုင်ပါသည်။ အသုံးပြုသူများနေဖြင့် ဤမူဝါဒ အပြောင်းအလဲများကို စောင့်ကြည့်ရန် သဘောတူညီပြီး ဖြစ်သည်ဟု မှတ်ယူထားပါသည်။

ရောင်းချသူအတွက်လုံခြုံမှုစနစ်

ဇော်ဂျီမတ်တွင် ဝင်ရောက်ရောင်းချ သူများ၏ ရောင်းချသောကုန်ပစ္စည်းများ၏ စျေးနှုန်းသက်မှတ်ချက်များကို အသုံးပြုသူ Level အလိုက် ခွဲခြားသက်မှတ် နိုင်စေရန် စီစဉ်ဆောင်ရွက်ထား ပြီးဖြစ်သောကြောင့် မိမိရောင်းလိုသော စျေးကွက်သို့ ထိရောက်လျှင်မြန်စွာရောင်းချနိုင်မည်ဖြစ်ပါသည်။

ငွေပေးချေမှုစနစ်များကိုလည်း သက်ဆိုင်ရာ Service Provider များနှင့်ခိုင်မာစွာ ချိတ်ဆက်တည်ဆောက်ထားပြီး ဖြစ်သောကြောင့် ရောင်းချသူများ၏ ဖောက်သည်များနှင့် စိတ်ချယုံကြည်စွာ ဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

လုံခြုံမှုရှိသောငွေပေးချေစနစ်

ဇော်ဂျီမတ်တွင် အောက်ဖော်ပြပါ ငွေပေးချေစနစ်များ ကိုလုံခြုံစိတ်ချစွာဖြင့် အသုံးပြုနိုင်ပါသည်။

  • (၁) ၆၆၃ (မိုဘိုင်းမန်းနီ) မိုးဘိုင်းငွေချေစနစ်
  • (၂) ၁၂၃ (ဝမ်းစတော့ပ်ဆားဗစ်) ငွေပေးချေစနစ်
  • (၃) အမ်ပီယူ (အေတီအမ်ကဒ်) ငွေပေးချေစနစ်
  • (၄) မြန်ပေး (အွန်လိုင်းပိုက်ဆံအိတ်) ငွေပေးချေစနစ်
  • (၅) ပေးလ်ပယ်လ် (အွန်လိုင်းပိုက်ဆံအိတ်) ငွေပေးချေစနစ်
  • (၆) စီဘီဘဏ် (မိုဘိုင်းဘဏ်) ငွေပေးချေစနစ်
  • ငွေပေးချေသောစနစ်များ ကို ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီကြီးများသည် နိုင်ငံတကာ အတွေ့အကြုံရှိ ဝန်ထမ်းများနှင့် စနစ်တကျဖွဲစည်းတည်ထောင်ထားသော ကုမ္ပဏီ များဖြစ်သည့် အတွက်ကြောင့် ဇော်ဂျီမတ်တွင် ကုန်ပစ္စည်းများကို လုံခြုံစိတ်ချစွာဖြင့် ဝယ်ယူရောင်းချနိင်မည်ဖြစ်ပါသည်။