ပြန်အမ်းငွေစနစ် (Refund Policy)

ဝယ်သူများအတွက်အာမခံချက်

ဇော်ဂျီမတ်တွင် ရောင်းချလျှက်ရှိသောကုန်ပစ္စည်းများအနက် အချို့ သောကုန်ပစ္စည်းများတွင် ရောင်းချသောကုမ္ပဏီ (သို့မဟုတ်) လူပုဂ္ဂိုလ် တို့နှင့် ဇော်ဂျီမတ် လုပ်ငန်းအကြား ခိုင်မာသော သဘောတူညီချက်များနှင် အာမခံချက်များ ရရှိပြီးနောက် “ဝယ်ယူသူများအတွက် အာမခံချက်" အမှတ်အသား ထည့်သွင်းဖော်ပြပေးထားပါသည်။

၎င်းအမှတ်အသား ဖော်ပြထားသော ကုန်စည်များကို စိတ်ချယုံကြည်စွာဝယ်ယူနိုင်ပြီး အာမခံချက်အတိုင်း လွဲမှားမှုရှိပါက ဇော်ဂျီမတ်မှ တာဝန်ယူဖြေရှင်းပေးသွားပါမည်။

အချိန်တိုအတွင်း ငွေပြန်အမ်းခြင်း

အကယ်၍ အထက်ပါ အာမခံအမှတ်အသားပါ ရှိသော ကုန်ပစ္စည်းကို ဇော်ဂျီမတ်၌ မှာယူသောအခါ ကုန်ပစ္စည်းလက္ခံရရှိချိန်၌ ကုန်ပစ္စည်း အရည်အသွေးမှန်ကန်မှုမရှိခြင်း၊ အရောင်အသွေးလွဲမှားခြင်း၊ စိတ်ကျေနပ်မှု မရှိခြင်း များဖြစ်ပေါ်ခဲ့ပါက ၎င်းကုန်ပစ္စည်းအား မူလထုတ်ပိုးမှု့ (ပုံစံမပျက်) ဇော်ဂျီမတ်သို့ (အခမဲ့) ပြန်လည် ပေးပို့နိုင်ပါသည်။ ထိုကဲ့သို့ ပြန်လည်ပေးပို့သော ကုန်ပစ္စည်းအား ဇော်ဂျီမတ်မှ လက်ခံရရှိသည့် အချိန်၌ ၎င်းကုန်ပစ္စည်းအားဝယ်ယူစဉ်ကပေးချေခဲ့ရသော ဝယ်ယူထားသောကုန်ပစ္စည်း တန်ဖိုးအပြည့် အဝအတိုင်း ဝယ်ယူသူအားငွေပြန်အမ်းပေးမည်ဖြစ်ပါသည်။

ပြန်အမ်းငွေထုတ်ယူခြင်း

ဇော်ဂျီမတ်နှင့် တရားဝင်ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်လျှက်ရှိသော ငွေပေးချေစနစ်များ ကို အသုံးပြုထားသူများ အတွက် အချိန်တိုအတွင်း ငွေပြန်အမ်းပေးသွားမှာဖြစ်ပါတယ်။

ဇော်ဂျီမတ် ၏ငွေပေးချေစနစ်များဖြင့် ပြန်အမ်းငွေအားထုတ်ယူလိုခြင်း ဆန္ဒမရှိပါက ဇော်ဂျီမတ်ရုံးခန်းတည်ရှိရာ ဇအင်ဖော်မေးရှင်းတက်ဂ်နယ်လယ်ဂျီ ကုမ္ပဏီ ရုံးသို့ ရုံးဖွင့်ရက်များ၌ ရုံးချိန်အတိုင်း လာရောက်ထုတ်ယူနိုင်ပါသည်။